မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ပန်းတနော်သားလေး အောင်ကို(နည်းပညာချစ်သူ) ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျားးးးး

Sunday, January 17, 2016

Facebook Profile video တင်​​နေပြီလား


သင်ဟာ Facebook Profile ဓါတ်ပုံကို ငြီးငွေ့လွန်းနေပြီလား ? Facebook ဟာ အခုဆိုရင် ၇စက္ကန့်စာ Profile Video ကို အသုံးပြုခွင့်ပေးထားပြီး အခြားသော အသစ်အသစ်သော လုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ် ။

လက်တလောအချိန်မှာတော့ Facebook’s iOS app ကနေသာ Facebook Profile Viedo ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ် ။ Facebook’s iOS app က သင့် Profile မှာ အနည်းငယ် ပြောင်းလဲထားပြီး Profile Picture အောက်နားလေး More button မှာ ကလစ်နှိပ်ပြီး Take a New Profile Video or Upload Video or Photo ကနေတစ်ဆင့် သင့်ရဲ. Profile Video ကို ပြောင်းလဲနိုင်ပါတယ် ။

သင်ဟာ ၇ စက္ကန့်ထပ် မပိုတဲ့ အသံရောရုပ်ပါ ပါဝင်တဲ့ video ကို Profile Video ကို ဖန်တီးပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ သင်ဟာ Profile Video ကို တင်ပြီးရင်တော့ Video ထဲက ပုံရိပ်တစ်ခုကို Profile ဓါတ်ပုံအဖြစ် သတ်မှတ်အသုံးပြုရမှာ ဖြစ်ပါတယ် ။ Profile Video ကို Upload ပြုလုပ်ပြီးတဲ့အခါမှာ အဆိုပါ Video ဟာ အခြားသူတွေရဲ. news feed မှာ Profile Picture တစ်ခု အနေနဲ့ပဲ သွားရောက်ပြသပေးမှာဖြစ်ပြီး ၊ သင့် Profile ထဲကို ဝင်ကြည့်မှသာ အဆိုပါ Video ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်

မူရင်​​ရေးသား​သောဆရာအား.....Credit





1 comment: