မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ပန်းတနော်သားလေး အောင်ကို(နည်းပညာချစ်သူ) ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျားးးးး

Tuesday, October 20, 2015

အစိုးရက သင့်အကောင့်ကို ဟက်ပါက Facebook က သင့်ဆီ အကြောင်းကြားမည်



အစိုးရပိုင်းဆိုင်ရာ ဟက်ကာတွေက သင့် Facebook အကောင့်ကို ပစ်မှတ်ထားပြီဆိုရင် Facebook က သင့်ကို အကြောင်းကြားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဒီမူဝါဒသစ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အကောင့်တစ်ခုကို အစိုးရကိုယ်စား အလုပ်လုပ်နေတဲ့ ဟက်ကာတစ်ယောက်ကနေ ပြစ်မှတ်ထားပြီဆိုရင်၊ အဲ့ဒီ့အကောင့်ဟာ အန္တရာယ်ရှိနေပြီလို့ Facebook ကနေ အသုံးပြုသူကို သတိပေးမှာပါ။ “Login Approvals” ကို ဖွင့်ထားဖို့ Facebook ရဲ့ သတိပေးချက်မှာ ပါရှိပါတယ်။ Log in လုပ်ဖို့အတွက် Facebook ကနေပေးပို့တဲ့ လုံခြုံရေးကုတ် တစ်ခုကို ထည့်ပေးဖို့ လိုတဲ့ “Login Approvals” စနစ်ပါ။ အသုံးပြုသူအနေနဲ့ Facebook အကောင့်အပြင် မိမိသုံးတဲ့ တခြားအကောင့်တွေကိုပါ လုံခြုံမှုရှိအောင် ထားဖို့ကိုပါ သတိပေးချက်ထဲမှာ တိုက်တွန်းထားမှာပါ။

ဒီသတိပေးချက်နဲ့ အလားသဏ္ဍာန်တူတဲ့ သတိပေးချက်စနစ်မျိုးကို Google ကနေ ၂၀၁၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။

“ညှိုနှိုင်းပြီးလုပ်ဆောင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတဲ့အတိုင်း အကောင့်တွေကို လုံခြုံစိတ်ချစေဖို့ရာ ကျွန်တော်တို့ အမြဲတမ်း ရှေ့ဆက်လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီ ထပ်ထည့်လိုက်တဲ့ သတိပေးချက်ကို ထုတ်ပြဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို အစိုးရရဲ့ တိုက်ခိုက်မှုကို ခံရတယ်လို့ တကယ်ယုံကြည် ရတဲ့အခါမျိုးမှာပေါ့။ ဒီလို တိုက်ခိုက်မှု ပုံစံမျိုးက တခြားဟာတွေထက်ကို ပိုအဆင့်မြင့်လာပြီး ပိုအန္တရာယ် ရှိလာနိုင်တဲ့ အလားအလာရှိလို့ ကျွန်တော်တို့ လုပ်ခဲ့တာပါ။ ဟက်ခံရတဲ့ လူတွေကိုလည်း သူတို့ရဲ့ တခြား အွန်လိုင်းအကောင့်တွေကိုပါ လုံခြုံစိတ်ချရအောင် လိုအပ်တာအားလုံး လုပ်ထားဖို့ ကျွန်တော်တို့က အပြင်းအထန် တိုက်တွန်းပါတယ်။” လို့ Facebook ရဲ့ လုံခြုံရေးမှူးချုပ် Alex Stamos ကပြောခဲ့ပါတယ်။

ယခုလို သတိပေးချက် ရတဲ့ အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတွေကို ဖြစ်နိုင်မယ်ဆိုရင် အသစ်လဲသင့် ကြောင်းကိုလည်း Stamos က သတိပေးခဲ့ပါတယ်။

( Skyler )

ဆရာများ  cretid.

အောင်​ကို  (နည်းပညာချစ်​သူ)

No comments:

Post a Comment