မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ပန်းတနော်သားလေး အောင်ကို(နည်းပညာချစ်သူ) ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျားးးးး

Thursday, October 1, 2015

♥ Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း♥

♥ Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း♥

Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း
===================
Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. အကောင့်အဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို အကောင့်အသစ်ကို တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်းအကုန်လုံးကို
နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံးgmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyleတစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail,inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။အဲ့ဒါဆိုရင်အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး
ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ...။ အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ saveလိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် ..။ ခုန က အဆင့်တွေအတိုင်း ပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ်။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကိုရွေးပေးလိုက်ရင်မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံးအကောင့်အသစ်ထဲကို တစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

သူငယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေ။

Credit to မောင်(စွယ်စုံကျမ်း)

No comments:

Post a Comment